ဟိုပန်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

ဟိုပန် ဧပြီ ၂၉

ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းအခက်အခဲ ဖြစ်ပေါ်မှုမရှိစေရန်အတွက် ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၌ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် ဟိုပန်ခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးဆောင်၍  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင့် ဝန်ထမ်းများက သာသနာ့ရောင်ခြည်ကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်ရဟန်း(၇)ပါးနှင့် ရှင်သာမဏေ(၄၁)ပါးတို့အား ဆွမ်းဆန်တော် (၈)အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်များကို လစဉ်ဆက်ကပ်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဘုန်း​တော်ကြီးကျောင်းတိုက်များသို့လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)