ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ဆီ၊ ကြက်ဥများ ရောင်းချ

ရန်ကင်း ဧပြီ ၂၉

ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါ ရှေ့တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့ သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန် စျေးနှုန်း သက်သာစွာနှင့် ဝယ်ယူနိုင်ရန် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း အကူအညီဖြင့် လိုက်လံ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။

အိရွှေစင်