ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် (၁၅) နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေး‌နေမှုများအား ကြည့်ရှုစစ်ဆေး

ဒဂုံမြောက် ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး  ဆေးထိုးစုရပ်များတွင် ပုံမှန်ထိုးနှံ‌ပေးနေမှုများအား ရန်ကုန် တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထူးနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ‌အောင်နှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်၊ အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် အသက်(၁၅) နှစ်နှင့်အထက် ကျောင်းပြင်ပကလေးများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသူများအား ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဧပြီ ၂ ရက်နေ့တွင်     (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ် များတွင်  (၁၅) နှစ်အထက် ကျောင်းပြင်ပကလေး ပထမအကြိမ် ထိုးနှံသူ(၀)ဦး၊ အသက်(၁၈)နှစ် အထက် ကာကွယ်ဆေး မထိုးနှံရသေးသူ(၅၀)ဦးနှင့် တတိယအကြိမ် ကာကွယ်‌ဆေးထိုးနှံသူ (၁၄၀)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထူးနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါ်တင်မူမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း‌ ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထူးမှ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 မြင့်မြင့်ရီ