ဘူးသီးတောင် ဧပြီ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်ဦးဆောင်၍ ဝန်ထမ်းများသည် ယမန်နေ့နံနက်(၉)နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်းကျေးရွာ၌ မြို့နယ်မီးသတ် ဦးစီးဌာန၊ မီးသတ်ယာဉ်ဖြင့် ရေဂါလံ( ၁၆၀၀)ခန့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ဒုံးသိမ်းကျေးရွာရှိ သောက်သုံးရေကန်များမှာ ယခင်နှစ်များတွင် ခန်းခြောက်မှုမရှိဘဲ ယခုနှစ်တွင် ခန်းခြောက်လာသောကြောင့် သောက်/သုံးရေရှားပါး ပြတ်လပ်မှုကိုရှိပြီး သိမ်းကျေးရွာတွင် အိမ်ထောင်စု(၆၃)စု၊ လူဦးရေ (၂၇၅)ဦးရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ ရေပေးဝေရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်မှ သိရသည်။
လှကျော်(ပြန်/ဆက်)