မင်းပြား ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်း သင်တန်း ဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲတွင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက သင်တန်းအောင်မြင်စွာ ဖွင့်လှစ်ရခြင်းအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဒုတိယမြို့နယ် တပ်ဖွဲ့မှူး ဦးစန်းယု၊ ဒုတိယတပ်ခွဲမှူးဒေါ်ကြယ်စင်လှိုင်၊ တပ်စုမှူး ဒေါ်ဝင်းဝင်းနွယ်၊ တပ်စုမှူး ဒေါ်ဦးသန်းစိုး သင်တန်းနည်း ပြတို့တက်ရောက်ကြပြီး သင်တန်းတွင် ကြက်ခြေနီသမိုင်းအကြောင်း၊ ရှေးဦးပြုစုခြင်းသဘောတရား အပူလောင်ခြင်း၊ ဆို့နင်ခြင်း၊ သွေးဆုတ်သွေးလန့်၊ သတိလစ်ခြင်း၊ ပတ်တီးစည်းခြင်း၊ လူနာသယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ အရိုးကျိုးခြင်းစသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ကာ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁) ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်