တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင်   "ပန်းအလှဆင် သင်တန်း" နှင့် "ဂီတာတီးသင်တန်း" အခမဲ့ ဖွင့်လှစ်သွားမည်

တနိုင်း ဧပြီ ၂၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် "ပန်းအလှဆင် သင်တန်း" နှင့် "ဂီတာတီးသင်တန်း" များကို နွေရာသီကာလအတွင်း  အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း  လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ "ပန်းအလှဆင်သင်တန်း" နှင့် "ဂီတာတီးသင်တန်း" သင်တန်းများ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ "ဂီတာတီးသင်တန်း" ကို မေလ ၂ ရက်မှ ၃၁ ရက်ထိ နံနက် ၈ နာရီခွဲမှ ၁၀ ထိလည်းကောင်း၊ "ပန်းအလှဆင်သင်တန်း"ကို မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိလည်းကောင်း သက်ဆိုင်ရာ ကျွမ်းကျင် သင်တန်းနည်းပြများဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)