နောင်ချို ဧပြီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက် အတွင်း “Bella Plus”အမှတ်တံဆိပ်ပလာစတာများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန် ဦးဆောင်၍ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါ၍ မြို့ပေါ်ရှိ ဆေးရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ “Bella Plus” အမှတ်တံဆိပ် ပလာစတာများ ရောင်းချမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဈေးကွက်အတွင်း Bella Plus Plaster ပလာစတာသည် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ တင်တွင်းသည် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြထားခြင်းမရှိဘဲ ရောင်းချနေခြင်းကြောင့် တရားဝင်အခွန်အခများ ပေးသွင်း၍ တင်သွင်း ရောင်းချသူများ၏ အကျိုးစီးပွားနှင့် နစ်နာမှုကိစ္စရပ်များ ကြုံတွေ့နေရမှုအပေါ် ဥပဒေနှင့်အညီ ကွင်းဆင်းစစ် ဆေးရခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊ပြန်/ဆက်