မိုင်းကိုင်မြို့နယ်၊ အရန်သားဖွားသင်တန်းတွင် ဥပဒေရေးရာ အသိပညာပေးဟောပြော

မိုင်းကိုင် ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်သားဖွား (၆)လ သင်တန်းတွင် သင်တန်းသားသင်တန်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဥပဒေရေးရာအသိပညာပေး ဟောပြောပွဲတစ်ရပ်ကို ယနေ့မနက် ၁၀ နာရီက အဆိုပါသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး (ကိုယ်စား) ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင် ရာဥပဒေနှင့်အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဇေယျာကျော်က ကာမလိမ်လည်မှု၊ ဥပဒေရေးရာနှင့် ဆေးပညာအကြောင်းအရာများကို လည်းကောင်း အသီသီးအသိပညာပေး ဟောပြောခဲ့ရာ အရန်သားဖွား သင်တန်းသားသင်တန်းသူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)