ထန်းတပင်(ပဲခူး) ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ်ပိုင်းက လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြပြီး ပထမဦးစွာ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာ၀န်ခံ ဒေါ်ပြည့်ဖြိုးခိုင်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက် ဆွေးနွေးပြောကြားပြီး လူငယ်များအနေဖြင့် အားကစားလုပ်ခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင် ကျန်းမာစေခြင်းအကြောင်း၊ အားကစား လုပ်ခြင်းဖြင့် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးရာ ရောက်မည်ဖြစ်ကြောင်း၊ အားကစား ဝန်ကြီးဌာန၏ အားကစားဆိုင်ရာ ခံယူချက်နှင့် မူဝါဒများအကြောင်း၊ မြို့နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းများနှင့် ဆုရရှိသည့် အားကစားနည်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းသား၊ လူငယ်များအား အားကစားနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးနိုင်မှုများ၊ ယခုအခါ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစာအောင်မြင် တိုးတက်အောင် ဆောင်ရွက်ပေးနေမှုများ၊ အားကစားဝန်ကြီးဌာန၏ ရှေ့လုပ်စဉ်များနှင့် ကျန်းမာရေး ဆိုသည်မှာ အားကစား၊ ကြံ့ခိုင်ရေးနှင့် ဆက်စပ်နေ၍ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တက်စေကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ယခုလို အသိပညာပေး ဆွေးနွေးပွဲများ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြီး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်များအား အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)