တွံတေး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဂျောင်ဝိုင်းကျေးရွာရှိဆေးထိုးစုရပ်တွင် ဆေးထိုးအဖွဲ့(၁)မှ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားရှိ ပြည်သူများနှင့် အသက် ၁၈နှစ်အထက် ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀နာရီတွင် ကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးက ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဂျောင်းဝိုင်းကျေးရွာတွင် အသက် ၁၅နှစ်မှ ၁၈နှစ်အကြား ပထမအကြိမ် sinovac ထိုးနှံသူ (၅၃)ဦး၊ အသက် ၁၈နှစ်အထက် Covishield ပထမအကြိမ် ထိုးနှံသူ(၄၄)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၄)ဦး၊ Booster ထိုးနှံသူ(၁၄)ဦး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် (၂၉)ဦး စုစုပေါင်း(၁၄၄)ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
တွံတေးသား