တွံတေး ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ဆေးထိုးစုရပ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများနှင့် အသက် ၁၅ နှစ် နှင့် ၁၈ နှစ်ကြားရှိ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင်သို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် လူမှုရေးအသင်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဧပြီလ၂၇ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာ အသက် ၁၈ နှစ်အထက် ၂၉ဦး၊ တွင်အသက် ၁၅ နှစ်မှ ၁၈ နှစ်အကြား ပထမအကြိမ် sinovac ထိုးနှံသူ (၂၄) ဦး၊ အသက် ၁၈ နှစ်အထက် Covishield ဒုတိယအကြိမ်ထိုးနှံသူ (၁၁) ဦး၊ Booster ထိုးနှံသူ ၈ ဦး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၄၉ ဦး စုစုပေါင်း (၁၂၁) ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား