ချမ်းမြသာစည် ဧပြီ ၂၈
ရှေးဦးသူနာပြုစုနည်း အကြောင်းသိကောင်း စရာအသိပညာပေး Talk Show ကျင်းပဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် ရှေးဦးသူနာပြုစုနည်းအကြောင်းများ၊ ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကြက်ခြေနီ၏အခြေခံမူ(၇)ချက်နှင့်ကြက်ခြေနီအသင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း စသည်ဖြင့် အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Talk Showဆွေးနွေးခြင်းကို ချမ်းမြသာစည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းတို့က ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။
ခင်စိမ်း၀င်း