လှိုင် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာစျေးဓမ္မာရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် (sinovac)ထိုးနှံသူ စုစုပေါင်း(၈)ဦး၊ (Astrazeneca) ထိုးနှံသူ စုစုပေါင်း(၂၀၇)ဦး၊ ဒုတိယအကြိမ်(covidshield)ထိုးနှံသူစုစုပေါင်း(၁၄၃)ဦးနှင့်(Boster Dose)ထိုးနှံသူ စုစုပေါင်း(၂၂)ဦး ရှိကြောင်းသိရသည်။
လှိုင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။
ကျော်ရဲအောင် (ပြန်/ဆက်)