လှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လှိုင် စက်တင်ဘာ ၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ ည​နေ ၄ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး​​ကျော်သက်ဝင်းက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လတ်တလော အခြေအနေအရ ကူးစက် ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် မိမိတို့ မြို့နယ်အတွင်း ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိ သူများ စေတနာ့ဝန်ထမ်းများ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ ပူး​ပေါင်း၍ ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းပေးကြရန် လိုအပ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် များနှင့်အတူ မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများ၏ ဆောင်ရွက်နေမှုအခြေအ နေများ အတည်ပြု လူနာများအား ဆောင်ရွက်ထားရှိမှု၊ လက်ရှိ Stay at Home အ​ခြေအ​နေ၊ စား​သောက်ဆိုင်နှင့် လဘက်ရည် ဆိုင်များအား ကျန်းမာ​ရေးနှင့်အညီ စစ်​ဆေး​ဆောင်ရွက် ကြရန်၊​ စျေးများအား စနစ်တကျ စီမံကွပ်ကဲ​ဆောင်ရွက်သွားရန်၊ ဧည့်သည်များ​ ရောက်ရှိက ရပ်ကွက်ရုံး သို့ သတင်းပို့ကြရန်၊ Mask တပ်ဆင်ခြင်းမရှိသူများ၊ ည ၁၂ နာရီမှ နံနက် ၄ နာရီ မတိုင်မီ ပြင်ပ ထွက်ခွာသူများ​ တွေ့ရှိက အ​ရေးယူ​ဆောင်ရွက်​ရေးပြုလုပ်ရန်၊ Quarantine Center များတွင် Positive လူနာများဖြင့် ပြည့်​နေပြီ ဖြစ်သဖြင့် အလက ၅ နှင့် အမက ၂၆ တို့အား လိုအပ်ပါက အသုံးပြုနိုင်​ရေးစီစဉ်ဆောင်ရွက်ထားရန် စသည်တို့အား ​ကော်မတီ ဝင်များက ပါဝင်ဆွေးနွေးပြောကြားခဲ့ကြသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)