ကျိုင်းတုံမြို့၌  လူငယ်နှင့် အားကစားအကြောင်း သိကောင်းစရာ Talk Show  ဆွေးနွေးပွဲ ပြုလုပ်

ကျိုင်းတုံ ဧပြီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူငယ်နှင့်အားကစားအကြောင်း သိကောင်းရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့ မွန်းလွဲ ၁  နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်လှိုင်ငြိမ်းက လူငယ်နှင့်အားကစားအကြောင်း   သိကောင်းစရာများ နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ကျိုင်းတုံမြို့နယ်အားကစားမှူး ဦးစိုင်းချစ်အောင်က မိမိတို့ဌာနအနေဖြင့် မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချရေး၊ ကာယ၊ ဉာဏနှင့် စာရိတ္တများ ဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်သင်တန်းများကို ဖွင့်လှစ်ပေးမှု အခြေအနေများ အသက်၁၇နှစ်အောက်နှင့် အသက်၁၉နှစ်အောက် မြို့နယ်ဘောလုံး လက်ရွေး စင်အသင်း ဖွဲ့စည်းနိုင်ရေး လေ့ကျင့်သင်ကြားပေးနေမှု အားကစားနှင့်လူငယ် အသိပညာပေး ဟောပြောပွဲ သရုတ်ပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည့် အစီအစဉ်များ စသည့် အားကစားနှင့် လူငယ်အကြောင်းသိကောင်းစရာများကို ဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)