ကြံခင်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အလုံကျေးရွာအုပ်စုနှင့် မဲကုန်းကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ် (၂)နေရာတွင် တစ်ကြိမ်တခါမှ ကာကွယ်ဆေးထိုးနှံခြင်းမရှိသူ ပြည်သူများကို ယမန်နေ့ နံနံက်ပိုင်းက ၎င်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမကြိမ်) ထိုးနှံပေးကြောင်း သိရသည်။
ကြံခင်းမြိုနယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တစ်ကြိမ်တခါမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အလုံကျေးရွာအုပ်စုနေ ပြည်သူ (၁၂၁)ဦးနှင့် မဲကုန်းကျေးရွာအုပ်စုနေ ပြည်သူ (၁၆)ဦးတို့အား ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံစုရပ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ကြည့်ရှု့ပြီး လိုအပ်သည်များ ပေါင်းစပ်ပေးခဲ့ကြောင်းနှင့် ဆေးထိုးစုရပ်များတွင် စိစစ်ကြီးကြပ်ရေး တာဝန်ကျမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ကျန်းမာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)