စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

စမ်းချောင်း စက်တင်ဘာ ၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ စမ်းချောင်း မြို့နယ် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်‌ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော ပြည်သူများသို့ ပန်ကြား ချက်များ၊ အမိန့်ကြော်ငြာစာများ၊ ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)များ မဖြစ်မနေ တပ်ဆင် ကြရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ထူးထက်(ပြန်/ဆက်)