မလှိုင်မြို့ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်သို့ ဆွမ်းဆန်တော်နှင့် အလှူငွေများဆက်ကပ် လှူဒါန်း

မလှိုင် ဧပြီ ၂၇

မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ၊ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်တွင် စာပေသင်ကြားနေသော (စာဝါလိုက်နေသော) သံဃာ တော်များ ဆွမ်း ၊ ဘောဇဉ် ပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန့်နေ့မွန်လွဲပိုင်းက ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မလှိုင်မြို့ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်တွင် (စာဝါလိုက်နေသော) စာပေသင်ကြားနေသည့်  ရဟန်းသာမဏေ အပါး (၃၀၀) ကျော်ရှိပြီး သံဃာတော်များ ဆွမ်း၊ ဘောဇဉ်ပြည့်စုံစေရေးအတွက် (၂၄)ပြည် ဆွမ်းဆန်တော်(၅)အိတ်နှင့် ဝတ္တူငွေ (၃၀၀၀၀) ကျပ်တို့ကို ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက် ပဓါနနယကဆရာတော် ဘဒ္ဒန္တကဉ္စနထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှူအစုစုအတွက် ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူကာ အမျှအတန်းများ ပေးဝေခဲ့ကြ သည်။

အဆိုပါ လှူဒါန်းပွဲသို့ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့ တက်ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)