ကချင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်းဆန်းပြည်နယ်ခွဲ ကြက်ခြေနီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား ဧပြီ ၂၇

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေါင်းဆန်းပြည်နယ် ခွဲကြက်ခြေနီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပေါင်ဆန်းပြည်နယ်ခွဲ ကြက်ခြေနီမှ ကချင်ပြည်နယ်ကြက်ခြေနီ စေတနာ့လုပ်အားရှင်များ အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသော အဝတ်အထည် ၄၀ ဖာ၊ ဆေးဝါးမျိုးစုံ ၁၈ ဖာနှင့် Sleeping Bag ၂၁ ထုတ်တို့ကို ပေါင်းဆန်းပြည်နယ် ကြက်ခြေနီမှ တာဝန်ရှိသူများက ပေးအပ်ရာ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)