ငါန်းဇွန် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အအသုတ် ဒုတိယအကြိမ်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၃၅၀)ဦး၊ မြို့သာဇုံမှ (၂၀၀)ဦး၊ ငါန်းမြာဇုံမှ (၆၈)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၀)ဦး၊ သားကျင်ဇုံမှ (၅၆)ဦး၊ ဂျိုဇုံမှ (၉၈)ဦး၊ သံဘိုဇုံမှ (၁၅၀)ဦး၊ ရေလည်သောင်ဇုံမှ (၇၂)ဦးနှင့် ကုလားရွာဇုံမှ (၆၅)ဦး၊ စုစုပေါင်း (၁၀၈၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဧပြီ ၈ရက်နေ့မှ ၂၆ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အမအသုတ် ဒုတိယအကြိမ် (၈၄၂၃)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)