ကော့မှူး ဧပြီ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက တောင်ပိုင်းရပ်ကွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဆေးရုံ၊ ဘုန်း တော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများအား ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ ပါဋိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲဆန္ဒရှင် စာရင်များ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင် ရေးကိုင်ဆောင်လက်မှတ် နံပတ်များမှန်ကန်မှုရှိ စေရေးအတွက် နိုင်-၄ ရိုက်သွင်းခြင်း လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်း ပါဝင်ဆောင်ရွက် ကြရန်ပြောကြားခဲ့သည်။
ကျော်သူရ ပြန်/ဆက်