ငါန်းဇွန် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ဧပြီ ၁၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာ (၁၀)ရွာမှ ပြိုကျနေအိမ်(၂)လုံး၊ အမိုးလန် (၃၈)လုံးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက ပြိုကျလူနေအိမ်(၂)အိမ်အတွက် အသုံးအဆောင်ပစ္စည်း (၁၈)မျိုးပါ ပလတ်စတစ် ပုံး(၂)ပုံး နှင့် အိမ်ဆောက်ပစ္စည်းကုန်ကျစရိတ်နှင့် ဆန်ရိက္ခာဖိုးငွေများ၊ အမိုးလန် နေအိမ်(၃၈)အိမ်အတွက် ဆန်ရိက္ခာ တန်ဖိုးငွေများ၊ စုစုပေါင်းငွေကျပ်(၂၉၅၀၂၀ဝိ/-)အား အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)