ငါန်းဇွန် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်း (မြို့နယ် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူးရုံးမှ ဦးအောင်ဖြိုးဝေထွန်း (ဦးစီးအရာရှိ)က စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် စီမံကိန်းနှင့်သက်ဆိုင်သော ဌာန ဆိုင်ရာများသို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်များ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)