ဆိပ်ကြီးခနောင်တို ဧပြီ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ ၏ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်မိုးမိုးဦးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက် ပြုလုပ်ရာ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “စကားသမုဒ္ဒရာ စာသမုဒ္ဒရာ” စာအုပ်ပါ အကြောင်းအရာများကို Book Club အသင်းဝင်များက မိမိတို့ဖတ်ရှုသည့် ခေါင်းစဉ်အလိုက် အသီးသီးဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြပြီး၊ စာပေချစ် မြတ်နိုးသူ လူငယ်များက စာပေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ Book Club အသင်းဝင်များက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)