ကွမ်းခြံကုန်း ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေး၊ ဌာနဆိုင်ရ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံး မှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့ မီးငြိှမ်း သတ်ရေး သရုပ်ပြပွဲကို ယမန်နေ့က မြို့ရှောင်လမ်းဆောက်လုပ်နေသည့် လမ်းအထူး အဖွဲ့(၄)ဝန်ထမ်း လိုင်းခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲတွင် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၅)ဦးတို့က လမ်းအထူးအဖွဲ့(၄)ဝန်ထမ်း လိုင်းခန်းတွင် မီးဘေးလုံခြုံရေး စီမံချက်ပါအတိုင်း မီးသတ်ပစ္စည်းကရိယာများ လက်တွေ့အသုံးပြုနိုင်ရန်နှင့် မီးငြိှမ်းသတ်နည်း အဆင့်ဆင့်ချပြ ရှင်းလင်းဆွေးနွေးပြီး၊ ရေစိုဝတ်ဖြင့် မီးငြိှမ်းသတ်နည်း၊ ဆေးဘူးသုံးစွဲနည်း၊ မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းဖြင့် မီးငြိှမ်းသတ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်