နောင်ချိုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်

နောင်ချို ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရပ်ကွက်၊‌ ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မတ်လတတိယအပတ်၌ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်(၉:၀၀)နာရီအချိန် ဆက်လက်ဆောက်ရွက်လက်လျက်ရှိကြောင်း သိရသည်။

ထိုသို့တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တိုး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးအောင်မြင့်ဦး တို့က လာရောက်ကြီးကြပ် ကြည့်ရှုခဲ့ကြပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ချင်း၏ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများမှဝန်ထမ်း (၃၀)ဦး၊ ကွန်ပျူတာ (၁၀)လုံးဖြင့် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ခုနှစ် ဧပြီလ ၂၆ရက်နေ့ထိ လူဦးရေ ၈၇၉၂၉ဦး စာရင်းကို တိုက်ဆိုင်စစ်ဆေးပြီးကြောင်း၊ နောင်ချိုမြို့နယ်အနေဖြင့် မဲပေးနိုင်သူ လူဦးရေ ၁၂၀၃၁၀ဦးကို တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး ၂၀၂၂ခုနှစ် မေလကုန်အပြီး ဆောင်ရွက် သွားရန် လျာထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

ထွေးငယ်၊ပြန်/ဆက်