ရမည်းသင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ထန်တောကြံပင်အုပ်စု ကြံပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာကုန်ထုတ်ကျောက်ချောလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါလမ်းထိပ် မုခ်ဦးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဖြိုးသန္ဒာတို့က ကျေးလက်ကုန်ထုတ်ကျောက်ချောလမ်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကုန်ထုတ်ကျောက်ချောလမ်းကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ယနေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းမြို့နယ် ငှက်သိုက်ကျေးရွာတွင် ကျေးရွာကုန်ထုတ် ကျောက်ချောလမ်းဖွင့်ပွဲကို ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ဦစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၆၃.၉၆)သန်းဖြင့် ကြံပင်ကျေးရွာ ကုန်ထုတ်ကျောက်ချောလမ်းကို (၄၇၀၀ပေ×၁၀ပေ×၆ပေ)နှင့် Slab Culvert (၂)စင်း ဖောက်လုပ်ခြင်းကို လည်းကောင်း၊ ငှက်သိုက်ကျေးရွာ ကုန်ထုတ်ကျောက်ချောလမ်းကို ခွင့်ပြုရန်ပုံငွေ(၈၅.၉၆)သန်းဖြင့် (၄၇၀၀ပေ×၁၀ပေ×၆ပေ)နှင့်Pipe Culvert (၁၅)စင်လမ်းဖောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)