မချမ်းဘော့ ဧပြီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ကိုဗစ်၁-၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံမှုရှိစေရေးအတွက် မချမ်းဘော့မြို့အဝင်နေရာ၌ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားမှု ရှိ/မရှိစစ်ဆေးခြင်း၊ ထိုးနှံခြင်းများကို ယမန်နေ့ နေ့လယ် ၂ နာရီမှ (၄)နာရီခွဲအထိ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမင်းဌေးမှ ဦးစီး၍ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ရာ စုစုပေါင်း (၃၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လဝကနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်