သင်္ဃန်းကျွန်း ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်း အမျိုးမျိုးကြောင့်ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သုဝဏ္ဏ(၂၉)ရပ်ကွက်၊ မင်းဒင်လမ်း ပုညကာရီဓမ္မာရုံနှင့် ကျိုက္ကစံ ဘုရားဝန်းအတွင်းရှိ ဓမ္မဗိမာန်ဓမ္မာရုံတို့တွင် ကိုဗစ်ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Astrazeneca ပထမအကြိမ် ထိုးနှံသူ (၅၉) ဦးနှင့် Covidshield ဒုတိယအကြိမ်ထိုးနှံသူ (၂၂)ဉီး၊ Astrazeneca (Booster) ထိုးနှံသူ (၁၅၇)ဉီးတို့အား ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး