ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး

ဒေါပုံ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးထိုးနှံရာတွင် အသက် (၁၈)နှစ်အထက် ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများကို ဒေါပုံမြို့နယ်ဇေယျသီရိ ရပ်ကွက်၊ သီရိဇေယျာ သာသနဗိမာန်အတွင်း    မြို့နယ်ကျန်းမာရေးဝန်ထမ်းများက  CoviShield ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အပူချိန်များတိုင်းတာပေးခြင်းစသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး အသက် (၁၈)နှစ်အထက် ပြည်သူစုစုပေါင်း (၁၅၀)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သူဇာဝင်း