သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သုဝဏ္ဏစျေးနှင့် ရေနံသာစျေး တို့တွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သင်္ဃန်းကျွန်း ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ သုဝဏ္ဏစျေးနှင့် ရေနံသာစျေးများတွင်  မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် စျေးများအတွင်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စျေးတာဝန်ခံများနှင့် စျေးသာယာရေး အဖွဲ့များသည် ယမန်နေ့နံနက် ၉ နာရီက  မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စျေးများအတွင်း နွေရာသီကာလ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး