ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် (၁၅) နှစ်အထက် ကျောင်းပြင်ပကလေး ပထမအကြိမ် စတင်ထိုးနှံခြင်းနှင့် ပြည်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်

ဒဂုံမြောက် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှစတင်၍  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့်  ဆေးထိုး စုရပ်များတွင် ပုံမှန်ထိုးနှံ‌ခြင်းလုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် အသက်(၁) နှစ်နှင့်အထက် ကျောင်းပြင်ပကလေးများ အပါအဝင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဧပြီ ၂၆ ရက်နေ့တွင် မြို့နယ်အတွင်း    (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်နှင့် (၄၇)ရပ်ကွက်ဓမ္မာရုံ ဆေးထိုးစုရပ်များတွင်  (၁၅) နှစ်အထက် ကျောင်းပြင်ပကလေး ပထမအကြိမ် ထိုးနှံသူ(၅၂)ဦး၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူ(၆၁)ဦး၊ ဒုတိယအကြိမ် ထိုးနှံသူ(၁၃၀)ဦးနှင့် တတိယအကြိမ် ထိုးနှံသူ()ဦးတို့အား Covishield နှင့် Sinovac ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ