ချမ်းအေးသာစံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ  ဧပြီ ၂၇

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီတွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲကျင်းပပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကဗျာရွတ်ပြိုင်ပကို ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်တွင် လာရောက်စာဖတ်ကြသော ကျောင်းသားကျောင်းသူ (၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊  စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်