မရမ်းကုန်းမြို့နယ်တွင် သောက်သုံး​ရေ လိုအပ်သည့်​​နေရာများသို့ သွား​ရောက်လှူဒါန်း

မရမ်းကုန်း ဧပြီ  ၂

ရန်ကုန်တိုင်း​​ဒေသကြီးအတွင်းရှိ ​သောက်သုံး​ရေလိုအပ်သည့်​ နေရာများသို့ မရမ်းကုန်း မြို့နယ်ရှိ ရွှေရောင်သမိုင်း" အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြု ဖွံ့ဖြိုး​ရေးအသင်း(ERSSDO)မှ ယမန်​နေ့နံနက်ပိုင်းက သွား​ရောက်ကူညီ လှူဒါန်း​ပေးခဲ့သည်။

အဆိုပါ​သောက်သုံး​ရေ ရေလိုအပ်ချက်များ ဖြစ်ပေါ်နေကြောင်း “ရွှေရောင်သမိုင်း” အသင်းရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံသည့်​ နေရာများမှာ မရမ်းကုန်းမြို့နယ် အမှတ်(၇) ရပ်ကွက်၊ ရွာတန်းရှည်၊ ဦးလွန်း​​မောင်လမ်းသွယ်()ရှိ လူနေအိမ်များဖြစ်ရာ အဆိုပါ​နေအိမ်များအတွက် သောက်သုံး​ရေများ ကူညီလှူဒါန်းခဲ့ပြီး ရေသယ်ယာဉ်နှင့်အ​ရေး​ပေါ် လူနာတင်ယာဉ် လိုအပ်လျှင်လည်း ဆက်သွယ်အကူအညီ​တောင်းခံနိုင်ကြောင်းနှင့် အခမဲ့ ကူညီ​ပေးလျက်ရှိ​ကြောင်း သိရသည်။

​အေး​အေး​အောင်