ညောင်ဦး ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ လူငယ်များ နွေရာသီ ကျောင်းပိတ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဂံနယ်မြေ မီးသတ်စခန်းတို့ ပူးပေါင်းကာ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲနှင့် သင်တန်းကို ခရိုင်လူထု အခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က အခြေခံရှေးဦးသူနာပြုသင်တန်း လက်တွေ့ ပို့ချခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲနှင့် သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က သင်တန်းတွင် အခြေခံရှေးဦးသူနာပြု သင်ယူ တတ်မြောက်စေရန် ပညာရပ်သည် အရေးကြုံခဲ့ပါက ထိရောက်မှုရှိသည့်အတွက် မိမိကိုယ်တိုင် နှင့် မိသားစုများ၊ ပတ်ဝန်းကျင်ရှိပြည်သူများအား လက်တွေ့အသုံးချကာ ကူညီ ကြစေလို ကြောင်းနှင့် ပုဂံနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ချစ်ကောင်းထက်က ရှေးဦး ပြုစုခြင်းဖြင့် လူတစ်ဦးတစ်ယောက်၏အသက်ကို အမှန်တကယ် ကယ်ဆယ်နိုင်သည့်အတွက် သင်တန်းသား/ သူများအနေဖြင့် အခြေခံရှေးဦးသူနာပြု သင်တန်းအား လိုအပ်သည့် နေရာများတွင် လက်တွေ့ အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံရှေးဦးသူနာပြုအခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးရိုစီးခြင်း အကြောင်းများ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့် ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်း အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက် အကြောဒဏ်ရာများ အကြောင်း၊ လူနာကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်း စသည့်ဘာသာရပ်များကို စာတွေ့ လက်တွေ့ကို ဧပြီ ၂၇ ရက်နေ့မှ ဧပြီ ၂၉ ရက်နေ့ထိ (၃) ရက် သင်တန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD