ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ တက်ရောက်ခွင့်ရရှိရေး အားကစားဝါသနာရှင်လူငယ်များ လာရောက်ရွေးချယ်ပေး

ပင်လောင်း ဧပြီ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ(တောင်ကြီး)သို့တက်ရောက်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အားကစားဝါသနာရှင်လူငယ်များ လာရောက်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် ရွေးချယ်မှုများပြုလုပ်ခဲ့သည်။

ရွေးချယ်​ရေးလုပ်ငန်းများကို အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးနှင့်အဖွဲ့များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ပင်​​လောင်းမြို့တွင် လာရောက် အရွေးခံသည့် အားကစားဝါသနာရှင်လူငယ် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦးရှိရာ၊ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးအား ပဏာမရွေးချယ်ပေးခဲ့သည်။

အဆိုပါ ပဏာမရွေးချယ်ခံရသူများသည်  ၂ဝ၂၂ ခုနှစ်၊ မေလ  ၁၄/၁၅ ရက်​နေ့တွင် အ​ခြားမြို့နယ် များနှင့်အတူ တောင်ကြီးမြို့၌ ထပ်မံသွား​ရောက် အရွေးချယ်ခံရမည်ဖြစ်ပြီး၊ ထပ်မံရွေးချယ်ခြင်း ခံရပါက အားကစားနှင့်ကာယ ပညာသိပ္ပံ(တောင်ကြီး)သို့ တက်ရောက်နိုင်ခွင့်ရရှိမည်​ဖြစ်ကြောင်း သိရသည်။

ခွန်အာကာစိုး