တောင်ကြီး၌ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်

တောင်ကြီး  ဧပြီ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ကြီးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးမြို့နယ် စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီချိုက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလျာထားချက်များနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တောင်ကြီးမြို့ နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ခံတစ်ဦးအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခွန်သူရအောင်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို တာဝန်ရှိသူအသီးသီးသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)