မိုးနဲမြို့နယ်၌ အသက်-၁၈ နှစ်နှင့်အထက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး Covid Shield ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မိုးနဲ ဧပြီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေးအတွက် အသက်-၁၈ နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံပြီး၍ ၂၈ ရက် ပြည့်ပြီး သူများကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covid Shield  ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Covid Shield ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ကာကွယ်ဆေး လာရောက်ထိုးနှံ ကြသူများကို စာရင်းသွင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်းချိန်ပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ၆ ပေအကွာတွင် ထိုင်စေကာ ဆေးတစ်လုံးလျှင် လူ(၁၀) ယောက်နှုန်း ဖြင့် ၁၈ နှစ်နှင့်အထက် ပြည်သူ ၃၀ ဦးခန့်နှင့်  ကျောင်းသား/ ကျောင်းသူ ၁၀ ဦးခန့်တို့ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)