ဂွ ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့် သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား Mobile Team ဖြင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့က ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် တင်းတောကျေးရွာ၊ ဇီးခုံကျေးရွာ၊ သဲကုန်းကျေးရွာတို့ရှိ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသည့်သူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံရမည့်သူအား Covaxin ဆေးကို Phase-9 (ပထမအကြိမ်)တွင် (၄၄)ဦးအား လည်းကောင်း ၊ Phase-7နှင့် Phase-8 (ဒုတိယအကြိမ်)တွင် (၁၂၁)ဦးအား လည်းကောင်း ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့၀င်များမှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်