ဘူးသီးတောင် ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင်ပြောတွင် ဘူးသီးတောင်မြို့နယ်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းထွန်းက သဘာဝတရားက လူသားများအတွက် ကောင်းမွန်သော အကျိုးတရားများကို ရရှိခံစားစေနိုင်သော်လည်း သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်တွင် လေဘေး၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ စစ်ဘေး၊ လူမှုပဋိပက္ခ၊ ကူးစက်ရောဂါ၊ မြေပြို/တောင်ပြိုစတဲ့ ဘေး(၈)မျိုး အခြေအနေများအား၊ ပြည်သူများအနေဖြင့် အဆိုပါ ဘေးဆိုးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနိုင်သောကြောင့် မဖြစ်ပွားမီ ကြိုတင် ပြင်ဆင်ရန်နှင့် ဖြစ်ပွားလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ရန်နှင့် ဖြစ်ပွားပြီးပါက နေထိုင်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)