သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

သာစည် ဧပြီ  ၂၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပြည်သူများအနေဖြင့် မိသားစု စီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရေး ရည်ရွယ်၍ တပိုင်တနိုင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမ၌ ပြုလုပ်‌‌ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင်  သင်တန်းဆရာက  တက်ရောက်လာသူများကို ဘက်စုံသုံးဆပ်ဆီ ပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများ၊ လိုအပ်သော ပစ္စည်းကိရိယာများ၊ ဆပ်ပြာဆီ ဖော်စပ်နည်းအဆင့်ဆင့်တို့အား ပို့ချပေးပြီး တက်ရောက်လာသည့် သင်တန်းသူများနှင့် လက်တွေ့ပြုလုပ်  သင်ကြားပေးခဲ့ကြောင်း သိရသည်။ သင်တန်းတွင် တက်ရောက်လာသည့် သင်တန်းသူတစ်ဦးက  ကျွန်မတို့အိမ်မှာဆိုရင် ဆပ်ပြာအဆီ တစ်လီတာဘူးတစ်ဘူးကို ငွေ (၁၀၀၀) ကျပ်နဲ့ ဝယ်သုံးရပါတယ် ခုလို ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးတဲ့ အတွက် သင်တန်းတက်ပြီးလျှင် ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ခြင်းကြောင့် မိသားစုကုန်ကျစရိတ် သက်သာမှာဖြစ်ပြီး စ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချခြင်းဖြင့်လည်း မိသားစု အပိုဝင်ငွေ ရရှိမှာဖြစ်တဲ့ အတွက် သင်တန်းအခမဲ့ဖွင့်လှစ်ပေးတဲ့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ပါတယ်ဟုပြောသည်။

အဆိုပါ ဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကြောင့်  မိမိတို့၏ မိသားစုများအနေဖြင့် အိမ်၌ စ်ပိုင်တစ်နိုင်ပြုလုပ်၍ ရောင်းချပါက အိမ်တွင်း မိသားစု အပိုဝင်ငွေရရှိနိုင်စေပြီး မိမိတို့ကိုယ်တိုင် ပြုလုပ်သုံးစွဲပါကလည်း အဖိုးနှုန်းချိုသာစွာနဲ့ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)