နမ့်ဆန် ဧပြီ ၂၆
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာပေလေ့လာဖတ်ရှုသူများ လာရောက်ဖတ်ရှုသူများရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် စာပေချစ်သူ သားငယ်သမီးငယ်များကို ကလေးစာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူခေါက်ခြင်းကလေးများ စိတ်ဝင်စားသည့်အစီအစဉ်များ ပြုလုပ်ပေးပြီး ကလေးများ စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်ပြီး အမြဲတစေ ဝင်ထွက်သွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)