ဇမ္ဗူသီရိမြို့နယ်တွင် သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်း အောင်မြင်စွာဖွင့်လှစ်

ဇမ္ဗူသီရိ ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးရုံးတွင်  ကျောင်းသား၊ ကျောင်းသူများအား မူလတန်းသင်ရိုးသစ် သာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်စနစ်သစ်ပညာရေး (Grade-5) အတွက် ဗဟိုအဆင့်နည်းပြသင်တန်း (TOT) Online သင်တန်းကို  ဧပြီ (၂၀) ရက်နေ့မှ စတင်ကာ ဧပြီ (၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင်အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ/ဆရာမများအားသင်ကြားမှု၊ သင်ယူမှုပိုမိုထိရောက်စေရေးအတွက် ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ပြီး ဆရာ/ဆရာမ (၁၈) ဦး တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းတက်ရောက်ပြီးမြောက်သည့် ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ သင်ရိုးသစ် (Grade-5) သင်ကြားမည့် ဆရာ/ဆရာမများအား ထပ်ဆင့်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)