သိန္နီမြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ စျေးနှုန်းမှန်ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်

သိန္နီ ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၌ စျေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ စျေးနှုန်းမှန်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းတွင်ပါဝင်ရမည့် အလေးချိန် ကီလိုကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍စားသုံးသူရေးရာ ဦးစီးဌာနကဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့မစျေးကြီးအတွင်း၌ သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ စားသုံးရေးရာဦးစီးဌာနကဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနကဝန်ထမ်းများသည် သိန္နီမြို့မြို့မစျေးကြီးအတွင်းရှိ စျေးဆိုင်များ တွင် Paris ဆပ်ပြာတွင်ကပ်နှိပ်ထားသည့် ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/မရှိနှင့် အခြားကုန်ပစ္စည်းများ၏ ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သိန္နီမြို့နယ်အတွင်း ကုန်ပစ္စည်းများ စျေးနှုန်းမှန်ရောင်းချမှု ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/မရှိနှင့် ရောင်းချသည့် ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်ကို စားသုံးသူများသိရှိနိုင်ရေး မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားခြင်းရှိ/မရှိကိုလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိန္နီမြို့ စားသုံးသူ ရေးရာဦးစီးဌာန ဒေါ်ဖြိုးသဇင်စိုး(ဒုတိယဦးစီးမှူး)ထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)