တံတား ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီ အချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် အတ္ထုပ္ပတ္တိစာအုပ်များ၊ နိုင်ငံရေးစာပေများ၊ မြန်မာ့သမိုင်းကြောင်းများ၊ အတွေးအခေါ်ဒဿနိကစာအုပ်များ၊ ဆေးပညာ စာအုပ်များ၊ စိုက်ပျိုးမွေးမြူရေး နည်းပညာစာအုပ်များ၊ အနုပညာရပ်များ၊ ဘာသာရေးစာအုပ်များ၊ ဘာသာစကားများ၊ အဘိဓာန် စာအုပ်များ၊ စာပေဗိမာန် စာမူဆုရစာအုပ်များ၊ ဘာသာပြန်ဝတ္ထုများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ကာတွန်း ရုပ်ပြများ၊ ကလေးစာပေများ စသည့် စိတ်ဝင်စားဖွယ် အထွေထွေဗဟုသုတ စာအုပ်များစွာကို ခင်းကျင်းပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှု၍ ငှားရမ်း ဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)