သာစည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ပြုလုပ်

သာစည် ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နံနက် ၁၀ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

တာဝန်ပေးအပ်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အဆင့်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ်အဆင့်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး  မြို့နယ်စီမံကိန်းဦးစီးမှူး  ဦးမြင့်စိန်က ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ရေးဆွဲတာဝန်ပေးအပ်မှုနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။  ဆက်လက်ပြီး  မြို့နယ်အဆင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌနှင့်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ  တာဝန်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား  သက်ဆိုင်ရာကဏ္ဍအလိုက်ပေးအပ်သည်။   သာစည်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် လုပ်ငန်းစီမံကိန်းများအတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ်သန်းပေါင်း  ၂၄၀၅.၃၅၄ ဖြင့် လုပ်ငန်း ၅၅ ခုကို ဌာန ၉ ခုဖြင့်  ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။ အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ မြို့နယ်အဆင့်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                 

မြို့နယ် (ပြန်/ဆက်)