လင်းခေးမြို့တွင် အခြေခံပညာ ကျောင်းသားကျောင်းသူများ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

လင်းခေး ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ်တပ်နယ်မှူး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာ ကျောင်းသားကျောင်းသူများ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ အင်္ဂလိပ်စကား ပြောသင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တပ်နယ် အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တပ်နယ်မှူး ဗိုလ်မှူးကြီးသန့်ထင်စိုးက သင်တန်းများဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းအမှာစကားပြောကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ တပ်နယ်အတွင်းရှိ၊ တပ်ရင်းအသီးသီးမှ ကျောင်းသားကျောင်းသူကလေး သူငယ်(၂၇၈)ဦးတို့ တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၂၅-၄-၂၀၂၂)မှ(၆-၅-၂၀၂၂ )ရက်နေ့အထိ ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ တပ်နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးသူငယ်များအနေဖြင့် နွေရာသီအားလပ်ရက် အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာရေးခြားရှိသော လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် ခေတ်စနစ်နှင့်အညီ ကွန်ပျူတာနည်းပညာများအား သိရှိနားလည်ကာ အသုံးပြုတတ်လာစေရန်တို့ကို ရည်ရွယ်လျက် ဖွင့်လှစ်ပေးရသည့် သင်တန်းဖြစ်ပါကြောင်း တပ်နယ်မှူးထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)