ဆွမ်ပရာဘွမ် ဧပြီ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းလုပ်ငန်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်လျက် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်းဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ် ဆေးထိုးပြီးသူများအား တတိယအကြိမ်ဖြင့် ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ စုစုပေါင်း(၂၄)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)