ဆိပ်ကြီးခနောင်တို ဧပြီ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ဆန်၊ ဆီ သယ်ယူရောင်းချရေးယာဉ်ဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသင့်တင်စွာ လာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်ကြမ်း ၅ ပြည်အိတ် ၇၅ အိတ်၊ ဆန်ချော ၅ ပြည်အိတ် ၇၅ အိတ်နှင့် ဆီ ၅၀ ကျပ်သားဘူး ၃၅၀ နှင့် ကြက်ဥ ၁၀ လုံးပါကတ် ၆၀ တို့ကို မြို့နယ်အတွင်း ဆမားဒူးဝါးရပ်ကွက်ရှိ လူစည်ကားရာနေရာတွင် ပြည်သူများအားရောင်းချပေးခဲ့ရာ မြို့နယ် စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များကကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)