သီပေါ ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သောကလေးများအား မြို့နယ်ဦးစီးမှူးမှ ယနေ့နံနက်ပိုင်းက ကလေးစာဖတ်ခန်းအတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူအရုပ်ခေါက်နည်းများကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးစာဖတ်ခန်းအတွင်း ကလေးငယ်များအား ရောင်စုံစက္ကူဖြင့် ပန်းပွင့်ပန်းခိုင်ပြုလုပ်ခြင်း သင်ကြားပြသပေးပြီးကလေးငယ်များကို ကိုယ်တိုင်ပြုလုပ်ဆောင်ရွက်စေခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများတီထွင်ဖန်တီးမှုစွမ်းရည် မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်အပန်းပြေ ပျော်ရွှင် စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကိုလည်း လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)